Monday 24 December 2012

Lenovo A65 Root လုပ်နည်း

Lenvo A65 ကို Root လုပ်နိုင်တာ သုံးနည်းလောက်ရှိပါတယ်..

SP Flash Tool နဲ့လုပ်တဲ့ နည်း, CWM ထည့်ပြီးလုပ်တဲ့နည်းနဲ့, Unlock Root နဲ့လဲရတက်ပါတယ်…

ဒီနည်းကတော့ တစ်ခြားတစ်နည်းပါ….

လွယ်တော့ရေးပေးလိုက်ပါတယ်..

ပထမဆုံးဒါလေးအရင် Download လုပ်လိုက်ပါ။

A65tool.rar

ပြီးရင်တော့ Extract လုပ်လိုက်ပါ…

A65-Tools-v2.exe ကိုတွေ့ပါလိမ့်မယ်….

Run ထားလိုက်ပါ…



ဖုန်းကို ပါဝါပိတ်လိုက်ပါ…

Computer ထဲမှာ Lenovo Driver သွင်းထားရပါမယ်…

ပြီးရင်တော့ Fastboot ၀င်ရပါမယ်….

volume down key + menu key (far left)  + Power ကို ဖိနှိပ်လိုက်ပါ

Fastboot ၀င်သွားပါလိမ့်မယ်…

ပြီးရင် ကြိုးထိုးလိုက်ပါ.

Run ထားတဲ့ A65-Tools-v2.exe မှာ 1 ကိုနှိပ်ပြီး Enter နှိပ်လိုက်ပါ…

ဒါဆို ဖုန်းဟာ Reset ကျသွားပါလိမ့်မယ်…..

ပြန်တက်လာရင်တော့ကြည့်လိုက်ပါ..

Super User တွေ့ပါလိမ့်မယ်…

No comments:

Post a Comment